ကြံခင်းမြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေး အခြေခံပညာပညာမူလတန်းကျောင်း (နံဂါတ်)၌ အသိပညာပေးကွင်းဆင်းဟောပြော

ကြံခင်း ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း (နံဂါတ်)တွင် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် Book Club အဖွဲ့ဝင်တို့က ကွင်းဆင်းဟောပြောကြသည်။

အဆိုပါဟောပြောပွဲကို အခြေခံပညာမူလတန်းကျောင်း (နံဂါတ်) ကျောင်းအုပ်ဆရာကြီး ဦးဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင်းကောင်းများရရှိလာစေရန်၊ မူလတန်းအရွယ်မှစ၍ ပုံပြင်ဖတ်ခြင်းမှ သုတ၊ ရသစာအုပ်ကောင်းများကို ‌လေ့လာဖတ်ရှုတတ်သည့် အကျင့်ကောင်းများရရှိစေရန်၊ ဗလငါးတန်ပြည့်စုံစေရန်နှင့် စာပေဖတ်ရှုရခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြား တတ်စေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် ယခုလို ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ ဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဟောပြောခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ကဗျာဆရာ (ဆောင်းနတ်ရှင်ကြံခင်း)က စာဖတ် ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သုတရသစာအုပ်များ ငှားရမ်းပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ် စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)