မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ဒေသဆိတ်အရှင်(၁၄၅၀)ကောင်  တင်ပို့

ရန်ကုန် ဒီဇင်ဘာ ၁၇

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် Mansa Iron And Steel Fabrication & Manufacturing Co., Ltdတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက  ဒေသဆိတ်အရှင်(၁၄၅၀)ကောင်အား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မလေးရှားလေကြောင်းလိုင်း Flight No. MH 6475 ဖြင့် တရားဝင် တင်ပို့နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ဒေသဆိတ်အရှင် တရားဝင်တင်ပို့နိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံမှ  Mansa Iron And Steel Fabrication & Manufacturing Co., Ltd သည် မလေးရှားနိုင်ငံ TPL Kamram Group ကုမ္ပဏီသို့ တင်ပို့ရာတွင် ဒေသဆိတ်တင်ပို့မည့် ကုမ္ပဏီဖြစ်သည့် Mansa Iron And Steel Fabrication & Manufacturing Co., Ltdအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုနှင့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)