ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ “မရှိ၍မလင်းသူမရှိစေရ”အစီအစဉ်ဖြင့် အခမဲ့မျက်စိစမ်းသပ်ကုသခြင်းနှင့် အထူးကုဆရာဝန်ကြီးများ၏ နယ်လှည့်ကွင်းဆင်းကုသခြင်းများ ဆောင်ရွက်

ဒဂုံတောင် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် “မရှိ၍မလင်းသူမရှိစေရ” အစီအစဉ်ဖြင့် ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ မျက်စိလူနာများအား မျက်စိစမ်းသပ်ကုသပေးခြင်းနှင့် ရန်ကုန်အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ လူနာများအား နယ်လှည့်ကွင်းဆင်းကုသခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်ကာ မြို့နယ်အားကစားရုံ၌ အခမဲ့စမ်းသပ်ကုသပေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ စမ်းသပ်ကုသပေးရာတွင် အထွေထွေရောဂါအထူးကုသမားတော်ကြီး ()ဦး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ အရိုးအကြောနှင့် ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်ကြီး၊ ဓာတ်မှန်အထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဦးခေါင်းခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးတို့က စုစုပေါင်းလူနာ (၁၀၀၀)ကျော်အား စမ်းသပ်ကုသပေးခဲ့သည်။

အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနမှလည်း လာရောက်ပြသသောလူနာများအား ဓာတ်မှန်စက်(၄)လုံးဖြင့် တီဘီရောဂါရှာဖွေဖော်ထုတ်ကုသပေးခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ရောဂါကာကွယ်‌ဆေး(Pfizer)အခမဲ့ထိုးနှံပေးခြင်းတို့ကိုပါ တပြိုင်နက်တည်း ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့စမ်းသပ်ကုသပေးရာနေရာသို့ ရန်ကုန်တိုင်း‌ဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန္ဒဝင်း၊ ဒဂုံမြို့သစ်ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒဂုံမြို့သစ်ခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မြင့်၊ ဒဂုံမြို့သစ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့်အဖွဲ့ဝင်များ၊ ရန်ကုန်အရှေ့ပိုင်းပြည်သူ့‌ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်လင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကုသ‌ရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ စုစုပေါင်းအင်အား (၂၀၀)ဦးတို့က လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးအောင် (ပြန်/ဆက်)