ပေါင် ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါ လူနာရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့မှစတင်၍ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
တီဘီရောဂါရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာမင်းညွန့်ဝင်း၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ကာ သလိပ်စစ်ရန်နှင့် ဓာတ်မှန်ရိုက်စစ်ဆေးရန် လိုအပ်သည့်ကျောင်းသား၊ ကျောင်းသူတို့အား မြို့နယ်တီဘီတိုက်ဖျက်ရေးဌာနသို့ လွှဲပြောင်းပေးခဲ့ကြပြီး ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မွန်မလေး(ပြန်/ဆက်)