မယ်စဲ့မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေး သိရှိနားလည်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

မယ်စဲ့ ဇွန် ၂၇

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဘောလခဲခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မယ်စဲ့မြို့နယ် အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် ဘောလခဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်းခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဦးဖြိုးစည်သူက သဘာဝဘေးနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန်များ၊ ဆောင်ရွက်ရန်အချက် များနှင့် ရှောင်ရန်အချက်များကို အသိပညာပေးဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာမြင့်က ကလေးသူငယ်အခွင့်အရေးအကြောင်း သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ အထက(မယ်စဲ့)မှ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်