တပ်ကုန်း ဇွန် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရန် တိုင်းရင်းဆေးပညာနှင့်သွေးတိုးရောဂါအကြောင်း အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ဇွန် ၂၇ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါဆွေးနွေးရာတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေယုတို့က တိုင်းရင်းဆေးပညာကုထုံးများနှင့် သွေးတိုးရောဂါလက္ခဏာများ၊ သွေးတိုး ရောဂါ၏ ဆင့်ပွားလက္ခဏာများ၊ ရောဂါဖြစ်ဆဲလက္ခဏာများ၊ ရောဂါဖြစ်လျှင် ရှောင်ကြဉ်လိုက်နာရမည့်အချက်များ စသည်အကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် တိုင်းရင်းဆေးပညာ နှင့်သွေးတိုးရောဂါအကြောင်း အသိပညာပေး (Talk Show) အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်