တာမိုးညဲမြို့ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ဆောင်ရွက်

တာမိုးညဲ ဇွန်၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားအား အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က  ကျင်းပဆောင်ရွက်ခဲ့ရာ ရှေးဦးစွာ  မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးက  မိမိအေးချမ်းတည်ငြိမ်စွာ  ပညာသင်ကြားလျက်ရှိပြီး   အနာဂတ်အတွက် ကြိုးစားရမည်ဖြစ်ကြောင်း ပညာသင်ချိန်တွင် မိဘဆရာများ၏ ဆုံးမစကားများလိုက်နာ ပြီး  အနာဂတ် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင်ကြိုးစားကြဖို့   ဆုံးမစကားပြောကြားပြီး  ဝန်ထမ်းများ၏  သားသမီး (၂၃)ဦးအား   ပညာသင်ကြားရာတွင်   အထောက်အပံ့ ဖြစ်စေရန်   ကျောင်းသုံး  ဗလာစာအုပ်၊  ကျောပိုးအိတ်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(ခေါန်မိုင်)တာမိုးညဲ