ကြံခင်း ဇွန် ၂၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ကာယဗလကြံ့ခိုင်ဖွံဖြိုးစေရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက (အ.ထ.က) မျောက်ချောကုန်း ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (နည်းစနစ်မှူး) ဒေါ်ခင်မိုးဝါက လူငယ်နှင့် အားကစားကဏ္ဍ၊ ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးမည့် အားကစားနည်းဆိုင်ရာ များကို အသိပညာပေး ဟောပြောပြီး နောက် (အ.ထ.က)မျောက်ချောကုန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဦးအား အားကစားပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာ ဟောပြောပွဲသို့ (အ.ထ.က) မျောက်ချောကုန်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၄၅၇)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)