ကျောက်တန်းမြို့နယ်တွင် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်အစားထိုး ရွေးချယ်ပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် သူရိယာရာမမိုးကုတ်ဝိပဿနာကျောင်းသစ် ဆရာတော်ဘဒ္ဒသူရိယသည် ပြန်လွန်တော်မူသွားပါသဖြင့် လစ်လပ်လျက်ရှိသော သံဃာ့သမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော်တစ်ပါးနေရာအတွက် အစားထိုးရွေးချယ်မှုအခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီက ရွေးမှော်ဝန်း သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။