အုတ်ဖိုမြို့ ဝါဆိုဦး(၂)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၃၀)ရာခိုင်နှုန်းပြီးစီး
ဒေသခံပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် မြို့တော်သာယာလှပရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ဝါဆိုဦး(၂)လမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ (၃၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။