အုတ်ဖိုမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကြွေးဟောင်းကြွေးကျန်များပြေကျေရေး ကွင်းဆင်းနှိုးဆော်ဆောင်ရွက်
ဒေသခံတောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ အမြန်ဆုံးပြန်လည်ထုတ်ချေးပေးနိုင်ရေးအတွက် ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ကြွေးဟောင်းကြွေးကျန်များ ပြေကျေရေး ကွင်းဆင်းနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။