မဟာအောင်မြေ ဇူလိုင် ၄
မန္တလေးတိုင်ဒေးသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် လူရွေးပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ညနေ (၄) နာရီခွဲအချိန်က မန္တလေးတက္ကသိုလ် အားကစားကွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။
အဆိုပါ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်လူရွေးပွဲကို ဘာသာရပ်ပေါင်းစုံ အမျိုးသားပြိုင်ပွဲတွင် အသင်း (၄) သင်းဖြင့်လည်းကောင်း၊ အမျိုးသမီးအသင်းပြိုင်ပွဲတွင် အသင်း(၂)သင်းတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အသင်းသူ/သားများမှ အပြိုင်အဆိုင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရအားကစားသမားများအား မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး များက ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုဆုတံဆိပ်များအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း