မိုင်းပျဉ်း ဝမ်ကန်−အမကကျောင်း၌ အာဇာနည်နေ့အကြို ဟောပြောပွဲနှင့် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းပျဉ်း  ဇူလိုင်   ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေ ဦးစီးဌာနမှ (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြာပွဲနှင့် စာဖတ်ဝိုင်းကို နံနက်(၁၁)နာရီက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ကန်ရွာ၊ အမကကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့် စာပေဖတ်ရှုလေ့လားခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများစသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

ဟောပြာပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်ပြီး စာဖတ်ခြင်းအလေ့အထများရရှိလာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)