နောင်ချို ဇူလိုင် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းသန်းညွှန့်က မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများ၊ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မ မခွဲ ခြားပဲ အမျိုးသမီးများတန်းတူ အခွင့်အရေးရရှိရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေး၊ ကလေးများ ဖွံ့ဖြိုးစအရွယ်တွင် သတိပြုလိုက်နာသင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ဌာနဆိုင်ရာ များ၊ လူမှုအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ Online မှတစ်ဆင့်ရိုက်ကူးထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)