ဒေးဒရဲ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းနေပြင်ပ အသက် (၅နှစ်မှ ၁၅နှစ်) ရှိသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာစုရပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့် အညီ ကာကွယ်ဆေးများကို စုရပ်အလိုက် ထိုးနှံပေး လျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁၈)နှစ်နှင့် အထက် (၁၄၈၀၃၃)ဦး၊ ၁၅ နှစ်မှ ၁၈ နှစ်အထိ (၁၅၇၃)ဦး၊ ၅ နှစ်မှ ၁၂ နှစ်အထိ (၂၀၃၅၀)ဦးနှင့် အပိုဆောင်းထိုးနှံမှု (Booster) ထိုးနှံပြီးစီးသူ (၆၅၁၅)ဦးအား ထိုးနှံပြီးစီးပြီဖြစ်ပြီး ကျောင်းနေပြင်ပ (၅ နှစ်မှ ၁၅ နှစ်)အတွင်းရှိ ကလေးများကို ကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ (၇၉၀)ဦး ထိုးနှံပြီးစီး၍ ကျန်ရှိသူ (၆၆၀)ဦးအား ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အေဇာလင်း