ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဒေးဒရဲ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်  ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း (ဈေးကြီး)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဒေါ်မိုးမိုးခိုင် မြို့နယ်သူနာပြု အဆင့်(၁)က ကျောင်းနေအရွယ် ကလေးများ သွေးလွန်တုန်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး သတိပြု ရှောင်ကြဉ်ရမည့် အချက်များအား အသိပညာပေး ဟောပြောခဲ့ပြီး ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအဖြစ် စာသင်ခန်းများ၊ စာသင်ကျောင်းအတွင်းရှိ ရေလှောင်ကန်များနှင့် ရေအိုးများ အား  အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ရှင်းလင်းခြင်း၊ စာသင်ခန်းများနှင့် ကျောင်းဝန်းအတွင်း ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေဝင်နိုင် သည့် အိုးခြမ်းပဲ့၊ တာယာကွင်း၊ ဘုရားပန်းအိုး စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေဒေးသူ