တနင်္သာရီမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ကစား

တနင်္သာရီ ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အားကစားကဏ္ဍဖွံ့ဖြိုးမှုအစီအစဉ် (TSDP)အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာ၊ အုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၁ ရက်မှစ၍ မြို့မအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားလျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီအချိန်က ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။

အဆိုပါ ဆီမီးဖိုင်နယ်ဘောလုံးပွဲ (ပထမ)ပွဲစဉ်အဖြစ် မောတောင်အသင်းနှင့် တမုတ်ချုန်းကျေးရွာအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ တမုတ်ချုန်းကျေးရွာအုပ်စုအသင်းက မောတောင်အသင်းအား (၁ဂိုး-ဂိုးမရှိ)ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

၎င်းဘောလုံးပြိုင်ပွဲ၌ တမုတ်ချုန်းကျေးရွာအုပ်စုအသင်း၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ပြည်ဖြိုး ထွန်းကုမ္ပဏီ၊ ချောင်ငယ်ရပ်ကွက်အသင်း၊ မောတောင်မြို့အသင်း၊ သိန်ခွန်းကျေးရွာအုပ်စု၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ချောင်းကြီးရပ်ကွက်အသင်း စသည့် အသင်း(၈)သင်းက အုပ်စု(၂)စု ခွဲပြီး နေ့စဉ် မွန်းလွဲ ၃ နာရီအချိန် မြို့မအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားလျက်ရှိရာ ဆီမီးဖိုင်နယ်(ပထမ)ပွဲစဉ်အဖြစ် မောတောင်အသင်းနှင့် တမုတ်ချုန်းကျေးရွာအသင်းတို့ကလည်းကောင်း၊ ဇူလိုင်လ(၅)ရက်၌ (ဒုတိယ)ပွဲစဉ်အဖြစ် ချောင်းကြီးရပ်ကွက်အသင်းနှင့် ပြည်ဖြိုးထွန်းအသင်းတို့က ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို (၇-၇-၂၀၂၂)ရက်နေ့မှာ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သတင်းရရှိသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)