နတ်မောက် ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က နဘူးကွဲကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နတ်မောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး၀င်းသူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆုဝေဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် လူသုံးကုန်ထုတ်လုပ်မှု အတတ်ပညာအား အကျိုးရှိစွာ အသုံးချနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းသား/သူများအား သင်တန်းထုတ်ကုန်ချော ပစ္စည်းများ ထောက်ပံ့ပေးအပ်၍ သင်တန်းသားများအားလုံးကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး၀င်းသူရနှင့် ဝန်ထမ်းများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆုဝေဖြိုးနှင့် ၀န်ထမ်းများ၊ ကျေးရွာရပ်မိရပ်ဖများ၊ သင်တန်းသား/သူများ စုစုပေါင်း (၄၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှဝင်း