တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တံတားဦး ဇူလိုင် ၅

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဆရာ/မများနှင့် ကျောင်းသား/သူများအား သဘဝဘေးအန္တရာယ်များ သိရှိနိုင်ရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးကိုကိုမောင်က ကျောင်းသား/သူများအား အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဒေါ်အိဖြူဖြူနှင်းက သဘဝဘေးအန္တရာယ်များဖြစ်သည့် လေပြင်းဘေး၊ မြေပြိုခြင်းဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေး၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ဆူနာမီလုပ်ငန်းများအကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောပေးသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော ဆရာ/မများနှင့် ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက အသီးသီး ပြန်လည်ဖြေကြားပေးပြီး ဘဝဘေးအန္တရာယ်များနှင့်ပတ်သတ်သည့် လက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။

ရဲတင့်