ရှေး​ဟောင်းသမိုင်းဝင် အပရာဇိတဆံ​​တော်ရှင် ကျိုက်ဝိုင်း​စေတီ​တော်မြတ်ကြီး၌ စုပေါင်း ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မရမ်းကုန်း ဇူလိုင် ၁၁

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ်​ အမှတ်()ရပ်ကွက်ရှိရှေး​ဟောင်းသမိုင်းဝင် အပရာဇိတဆံ​​တော်ရှင် ကျိုက်ဝိုင်း​စေတီ​တော်မြတ်ကြီး၌ စု​ပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်​နေ့ နံနက် :၃၀ နာရီက ကျိုက်ဝိုင်း​စေတီ​တော်​အောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အလှည့်ကျ​ဂေါပကအဖွဲ့ဝင် ဦးထင်​ကျော်မိုးက ယခုလိုဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို နှစ်စဉ်ကျင်းပ လျက်ရှိပါ​ကြောင်း၊ ဘုန်းကြီး​ကျောင်း​ပေါင်း(၃၄)​ကျောင်းရှိ သံဃာ​တော်များအား ဝါဆိုသင်္ကန်းကပ်လှူခြင်းဖြစ်ပြီး ယ​နေ့တွင် ဆရာ​တော်(၄၄)ပါး အတွက်တစ်ပါးလျှင် သင်္ကန်း()စုံနှုန်းဖြင့် ဆပ်ကပ်လှူဒါန်းခြင်းဖြစ်ပါ​ကြောင်း​ ပြောကြားခဲ့သည်။

ထို့​နောက် အခမ်းအနားတွင် ဆရာ​တော်ဘုရားများထံမှ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရား​တော်များနာယူခြင်း၊ အလှူရှင်များဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းနှင့်​ နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြ​ကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)