ရေကြည် ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကြာအင်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲတွင် ကြာအင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က ကျောင်းသား/သူများအား၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားတန်ဖိုးထားတတ်စေရန်၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိရန်အတွက် မျိုးချစ်ခေါင်းဆောင်များ ကိုယ်ကျိုးစွန့် အနစ်နာခံကာ အသက်သွေးချွေးများ ရင်းနှီး၍ ကြိုးစားခဲ့ရပုံများနှင့် အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကို မမေ့စေရန် ဟောပြောဆွေးနွေးခဲ့ပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုအဖြစ် နံရံကပ်စာစောင်ပြပွဲကို ဆက်လက်ကျင်းပခဲ့ရာ တက်ရောက် လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)