မရမ်းကုန်းမြို့နယ်အတွင်း ​သွေးလွန်တုပ်ကွေး​ရောဂါ ကာကွယ်​ရေး အသိပညာ​ပေးလုပ်ငန်းများ​ ဆောင်ရွက်

မရမ်းကုန်း ဇူလိုင် ၁၁

မိုးရာသီကာလသို့​ ရောက်ရှိလာပြီဖြစ်​သော​ကြောင့် ​သွေးလွန်တုပ်ကွေး​ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အမှတ်()ရပ်ကွက်အတွင်းရှိ ​နေအိမ်များ၊ ဆိုင်းခန်းများနှင့်လမ်များသို့ ယ​နေ့ နံနက်ပိုင်း၌ မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က​လေး၊ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲနှင့် ပရဟိတအသင်းများက ကွင်းဆင်းကာ သွေးလွန်တုတ်​ကွေး​ရောဂါ ကာကွယ်​ရေး အသိပညာလုပ်ငန်းများ ​ဆောင်ရွက်ခဲ့သည်။

ထိုသို့​ ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ ခြင်ခို​အောင်း​ပေါက်ဖွားနိုင်​​သော ရေစည်​ရေအိုး၊ ဘုရားပန်းအိုး၊ အုတ်ကန်၊​ ရေ​လောင်ကန်ကြီး အစရှိ​သည့် ပိုးလောက်လန်း တွယ်ကပ်နိုင်​​သော​နေရာများအား ဖုန်း၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်​ဆေးခတ်ခြင်း၊ ခြင်​ဆေးမှုတ်ခြင်းနှင့် ကျန်းမာ​ရေးအသိပညာ​ပေးလုပ်ငန်းများ ​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)