(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲကျင်းပ

 

ကာမိုင်း ဇူလိုင် ၁၃

၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲ ကျင်းပရာတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ စာကြည့်တိုက်အသင်း၀င် ကျောင်းသားကျောင်းသူ (၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းသားကျောင်းသူ (၃)ဦးအား မြို့ပြန်/ဆက်ဦးစီးမှ ဦးစီးတာဝန်ခံ ဒေါ်ရွှေဇင်ဦးက အမှတ်တရဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)