ကျောက်ဆည်မြို့နယ်တွင် ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာနေ့၌ သီလဆောက်တည်သူများ၊ စတုဒိသာကျွေးသူများနှင့် စည်ကား

ကျောက်ဆည် ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ယမန်နေ့ ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီလဆောက်တည်သူများ၊ စတုဒိသာ ကုသိုလ်ပြုလုပ်သူမျးနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ထူးခြားသည့်နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပြီး ဗုဒ္ဓ ဘုရားလောင်း ပဋိသန္ဓေတည်သည့်နေ့၊ တောထွက်တော်မူသည့်နေ့၊ ဓမ္မစင်္ကြာတရား စတင် ဟောကြားတော်မူသည့်နေ့၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြဋိဟာကို ပြတော်မူသောနေ့၊ ဘုရားဖြစ်တော်မူ သည်ကို ဝန်ခံတော်မူသည့်နေ့၊ တရားရတနာ စတင်ပေါ်ပေါက်လာသည့်နေ့ဟု သိရှိရကာ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်  ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့၊ သွားရောက်၍ ဝါဆိုပန်းများကပ်လှူခြင်း၊ ဝါဆိုသင်္ကန်းများ ကပ်လှူခြင်း၊ ဓမ္မစင်္ကြာတရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းများဖြင့် နှစ်စဉ်ဝါဆိုလပြည့်နေ့တွင် ရက်ကွက်၊ ကျေးရွာ ဘုန်းတော်ကြီးကျောင်းများတွင်   စည်ကားလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်