ငရုတ်ကောင်းမြို့နှင့် ငရုတ်ကောင်းတောင်ကျေးရွာ ကားလမ်းဘေးဝဲ/ယာရှိ အိမ်ထောင်စုများအတွက် အလှူရှင်များစုပေါင်း၍ အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်း

ငရုတ်ကောင်း ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နှင့် ငရုတ်ကောင်းတောင်ကျေးရွာ ကားလမ်းဘေးဝဲ/ယာရှိ အိမ်ထောင်စုများအတွက် ယမန်နေ ့နေ့လည်ပိုင်းက အလှူရှင်များစုပေါင်း၍ အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါအိမ်ထောင်စုများအား ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးမြတ်သန်းထွန်းနှင့် စစ်သည်များ၊ လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ပိုးလောင်းကျေးရွာ ခရစ်ယာန်အသင်းအုပ်ဆရာနှင့် ငရုတ်ကောင်းမြို့မှ အလှူရှင်များစုပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်၊ ကြာဇံ၊ ကြက်သွန်နီ၊ ဆပ်ပြာဗူး၊ ဖယောင်းတိုင်၊ ကော်ဖီထုပ်များနှင့် မုန့်ထုပ်မျိုးစုံစသည့် အခြေခံစားသောက်ကုန်(၈)မျိုးတို့ကို အိမ်ထောင်စု(၆၀)အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)