အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲကျင်းပ

အောင်မြေသာစံ ဇူလိုင် ၁၅

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက် အမှတ် (၂၀) အခြေခံပညာအထက် တန်းကျောင်းရှိ မြတ်စေတနာခန်းမတွင် ယနေ့နံနက်(၉)နာရီက လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟော ပြောပွဲကျင်းပပြုရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါကြွယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း (မန္တလေး) မှ လက်ထောက်ညွှန်ကြားရေးမှူးဦးညွန့်မြိုင်၊ ဦးစီးအရာရှိ ဒေါ်ခိုင်သဇင်အောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မျိုးခိုင်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ဟောပြောပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေးအကြောင်းကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါကြွယ်က မူးယစ်အန္တရာယ် လူ့ရန်စွယ်အကြောင်းကိုလည်းကောင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးညွန့်မြိုင်က မိုင်းအန္တရာယ် အသိပညာပေးခြင်းအကြောင်းကို လည်းကောင်း၊ ဦးစီးအရာရှိ ဦးဇော်မျိုးခိုင်က ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ် အကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်သဇင်အောင်က လူကုန်ကူးခြင်း ကင်းဝေးဖို့ အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောပေးခဲ့ကြပြီး၊ ဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို ရေဘေးပညာပေးစာစောင်၊ လျှပ်စစ်လက်ခြင်း၊ မိုးကြိုးပစ်ခြင်း ပညာပေးစာစောင်၊ ဆူနာမီပညာပေးစာစောင်၊ လေပြင်း ဘေး အသိပညာပေးစာစောင်၊ မိုးခေါင်ရေရှားပညာပေးစာစောင်၊ မုန်တိုင်းဘေး ပညာပေးစာစောင်၊ မြေပြိုခြင်း ပညာပေးစာစောင်၊ ငလျင်ဘေးပညာပေးစာစောင်၊ မီးဘေးပညာပေးစာစောင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် စသည့်လက်ကမ်း စာစောင်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်ဆက်