ကျောက်ပန်းတောင်း ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများလာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး၊ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်ကဓာတ်ပုံနှင့်နံရံကပ် စာစောင် ပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် အာဇာနည်နေ့ဆိုင်ရာ သိကောင်းစရာများကို ဟောပြောသည်။ ယင်းနောက် ကျောင်းသားကျောင်းသူလေးများက လွတ်လပ်ရေးပိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ကြီးများ၏ ပုံတူပန်းချီကားချပ်ကြီးများနှင့် ကိုယ်ရေးရာဇဝင်များကို ကြည့်ရှုလေ့လာကြရာ၊ မြို့နယ်ဦးစီးအရာရှိနှင့်ဒုတိယမြို့နယ်ဦးစီးမှူးတို့က လိုက်လံရှင်းလင်းပြသကြသည်။
အဆိုပါ ပြပွဲသို့ အမှတ်(၁)အ.ထ.က မှအခြေခံပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူလေးများနှင့်ကြီး ကြပ်သူဆရာမ စုစုပေါင်း(၇၅)ဦး လာရောက်ကြည့်ရှုလေ့လာကြကြောင်းသိရပြီး၊ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲကိုဇူလိုင်(၁၉)ရက်နေ့အထိ၊ မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ(၄)နာရီအတွင်း ဖွင့်လှစ်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)