သန်လျင်မြို့ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

သန်လျင် ဇူလိုင် ၁၅  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန် ခရိုင်ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များ ဌားရမ်းပေးခြင်း၊ အချိန်မပေးနိုင်သော ဌာနဆိုင်ရာများအား မိုဘိုင်းစနစ်ဖြင့် ဌာနအရောက်ဌားရမ်းဆောင်ရွက်ပေးခြင်း၊ ခရိုင် Community Centre တွင် စာဖတ်ဝိုင်းများ၊ စာပေဆွေးနွေးပွဲများ ကျင်းပပေးလျက်ပြည်သူများ အသိပညာတိုးပွားရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယမန်နေ့ နံနက်တွင် သန်လျင်မြို့ ပဲခူးစုရပ်ကွက်နေ ဦးသိန်းအောင်+ဒေါ်သောင်းတင် မိသားစုက သုတရသစာအုပ်စာစောင်များ လာရောက်လှူဒါန်းရာ အလှူရှင်မိသားစုက လှူဒါန်းရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ခရိုင်ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းနှင့် ဒုတိယဦးစီးမှုး ဒေါ်စမ်းစမ်းစိမ့် တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်