ဂန့်ဂေါ၌ အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့်အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂ ရက်နေ့မှစတင်၍ အ.ထ.က(ဂန့်ဂေါ)ကျောင်းနှင့် အ.ထ.က(မြို့မ) ကျောင်းတို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။

မုံရွာမြို့တွင် ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၈)နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲကျင်းပသည်။

ငါးသိုင်းချောင်းမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ငါးသိုင်းချောင်းမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ ငါးသိုင်းချောင်း ဒီဇင်ဘာ ၃

သံဖြူဇရပ်မြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက်  ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၃ ရက် နေ့နံနက်ပိုင်းကလူစည်းကား ရာနေရာများ၌ ဖြန့်ဝေသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် ဆန်တင်ပို့ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ပုသိမ်စက်မှုစီမံကိန်းသို့သွားရောက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် ဆန်တင်ပို့ရန်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ (၂) ရက်နေ့မှစတင်၍ အဆိုပါတက္ကသိုလ်ရှိ ယာယီဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်းမှ ဘွဲ့ရရှိသူများအား ဘွဲ့များပေးအပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းမြို့၌ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာ စောင်များကို စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကိုင်းမြို့ရှိ ထုံးဘိုရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to