နောင်မွန်းမြို့တွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အပြည့်အဝရရှိစေရေး နယ်မြေကွင်းဆင်း၍ တိုက်ဆိုင်စီစစ်ပေးလျက်ရှိ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်အမည်စာရင်း၌ ပါသင့်ပါထိုက်သူများမကျန်ရှိစေရန်နှင့် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ပါရှိနိုင်စေရန်အတွက် ဒီဇင်ဘာလ ၁ ရက်မှစတင်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်း၍တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိသည်။