တွံတေးခရိုင်အတွင်းရှိ မြို့နယ်များတွင် အရိပ်ရအပင်များ စိုက်ပျိုးထားသည့် ခြံများတွင် ကော်ဖီ၊ ကိုကိုးပင်များ စီမံချက်ဖြင့် စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ခရိုင်အတွင်းရှိ မြို့နယ်များတွင် ရာဘာ၊ မန်ဂျန်ရှား၊ ဒူးရင်း စသည့်အရိပ်ရအပင်များ စိုက်ပျိုးထားသည့် ခြံများတွင် ကော်ဖီ၊ ကိုကိုးပင်များ စီမံချက်ဖြင့် စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့သည်။