မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲကျင်းပ

မအူပင် ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၈)နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲကျင်းပသည်။

ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဆွေးနွေးပွဲကျင်းပရခြင်း ၏ရည်ရွယ်ချက်များဖြစ်သည့် ဝန်ထမ်းများယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းနိုင်စေ ရေးကိစ္စရပ်များ အားရှင်းလင်းပြောကြားပြီး အမှတ်(၈၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုတပ်ဖွဲ့စုမှူးဒုတိယ ရဲမှူးမိုးမြင့်ကိုက ယာဉ်စီးနင်းသူများလိုက်နာ ရမည့်စည်းကမ်းချက်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌စေရန်ဆောင်ရွက်ရမည့်အချက်များနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ များအား ရှင်းလင်းဆွေးနွေးရာ ဝန်ထမ်းများကသိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အမှတ်(၈၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)