စစ်ကိုင်း ဒီဇင်ဘာ ၃
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ (၂) ရက်နေ့မှစတင်၍ အဆိုပါတက္ကသိုလ်ရှိ ယာယီဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်းမှ ဘွဲ့ရရှိသူများအား ဘွဲ့များပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်အပြင် အထက်မြန်မာပြည်ရှိ ပညာရေးဒီကရီကောလိပ်(၁၃)ကျောင်းမှ ပညာရေးဘွဲ့(စာပေးစာယူ) ရရှိသူများကိုပါ ဘွဲ့အပ်နှင့်ခဲ့ပြီး၊ ပါရဂူဘွဲ့ (၂၁) ဦး၊ မဟာပညာရေးဘွဲ့ (၁၅၀၃) ဦး၊ မဟာဒဿနဘွဲ့ (၁၃၀) ဦး၊ ပညာရေးဘွဲ့ (၉၅၁၇) ဦး၊ ပညာရေးဘွဲ့ (စာပေးစာယူ) (၂၀၁၉၃) ဦး၊ ပညာရေးဘွဲ့(စာပေးစာယူ) EDC (၁၂၃၁၀) ဦး၊ PGDT (၂၇၄၂) ဦးနှင့် PGDMA (၂၉၅၁) ဦး၊ စုစုပေါင်း (၄၉၃၆၇) ဦးတို့အား ဘွဲ့များအသီးသီးပေးအပ်ချီးမြှင့်မှာဖြစ်ပြီး ဘွဲ့နှင်းသဘင် အခမ်းအနားကို ဒီဇင်ဘာလ (၂) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပမှာဖြစ်ကြောင်း သိရ သည်။
နေလင်းအောင်