ကလိန်အောင် ဇူလိုင် ၁၈
၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှာ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား (၂၆)ဦးက အာဇာနည်နေ့ပေါ်ပေါက်လာပုံနှင့် ဖြစ်ပေါ်လာပုံ(ကဗျာ)ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဇာနည်နေ့တို့မမေ့ (စာစီစာကုံး)ခေါင်းစဉ်ဖြင့် အသီးသီးပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသူ၊ ကျောင်းသားများကို ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ်ဆုများ အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့