ပုသိမ်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၁၈

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မာအေးက ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားပြီးနောက် ပုသိမ်ကြီး (အ.ထ.က.)ကျောင်းရှိ ပဥ္စမတန်းနှင့် ဆဋ္ဌမတန်းမှ ကျောင်းသား၊ ကျောင်းသူများက ယနေ့ကျင်းပသည့် ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခဲ့သည်။

ထိုပြိုင်ပွဲများအား ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)တွင် ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သော အာဇာနည်နေ့၌ ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို