ဒက္ခိဏသီရိ ဇူလိုင် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “တိရိစ္ဆာန်ရောဂါကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်” အဖြစ် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများအား ဇူလိုင်လ(၁၁)ရက်နေ့မှ(၁၇)ရက်နေ့အထိ မြို့နယ်အတွင်းရှိကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထက်မမဖြိုးနှင့်ဝန်ထမ်းများ၊ အခြေခံတိရိစ္ဆာန်ကျန်းမာရေး လုပ်သားများက တိရိစ္ဆာန်ရောဂါကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးပိုစတာများစိုက်ထူခြင်း၊ အသိပညာပေး ဆွေးနွေး ဟောပြောပွဲများဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ တိရိစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်များအား ရောဂါဖြစ်ပွားမှုကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)