သရက်ချောင်း ဒီဇင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါး ၂၆၀၁၆ ဧက စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလနှောင်းပိုင်းတွင် ၉၅၉၆ ဧက ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှအတွက် ၇၄.၀၆ တင်း ထွက်ရှိခဲ့ပြီး စုစုပေါင်းအထွက် ၇၁၀၆၅၇ တင်း ထွက်ရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ယခုနှစ်အတွင်း မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်အောင်ရရှိရေးအတွက် ဌာနမှတောင်သူများအား နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးခြင်း၊ ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ လက်ခံကျင့်သုံးလာအောင် ဆောင်ရွက်ပေးခြင်း၊ တောင်သူပညာပေးစံပြကွက်များ စိုက်ပျိုးပြသပြီး ကွင်းသရုပ်ပြပွဲများ ပြုလုပ်ပေးခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်လာကာ ဒီဇင်ဘာလကုန်တွင် မိုးစပါးစိုက်ပျိုးလျာထားဧကအားလုံး ရိတ်သိမ်းပြီးစီးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းထံမှ သိရသည်။
ပြည့်ဖြိုးပိုင် (ပြန်/ဆက်)