လိပ်သို ဒီဇင်ဘာ ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ ဥယျာဉ်ခြံများတွင် ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြပြီး ထွက်ရှိလာသော ကော်ဖီစေ့များကို အမှုန့်ကြိတ်၍ ရောင်းချခြင်းဖြင့် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ကော်ဖီသီးများကို ဒီဇင်ဘာလတွင် စတင်ဆွတ်ခူးကြပြီး ခူးယူပြီးကော်ဖီသီးများကို အစိုအတိုင်းသော်လည်းကောင်း၊ နေလှမ်းအခွံချွတ်၍ အစေ့ခြောက်အဖြစ်လည်းကောင်း ကော်ဖီမှုန့်ကြိတ်သူများထံ ရောင်းချကြကြောင်း၊ အဆိုပါကော်ဖီမှုန့်ကြိတ်လုပ်ငန်း လုပ်ကိုင်သော ဒေသခံများက အမှုန့်ကြိတ်၍ ရရှိလာသော ဒေသထွက် ကော်ဖီမှုန့်စစ်စစ်များကို ထုတ်ပိုးပြီး တံဆိပ်ကပ်ရောင်းချကြရာ ကော်ဖီမှုန့် တစ်ဆယ်သားတစ်ထုပ်လျှင် ကျပ် ၈၀၀ဝ နှင့် တစ်ပိဿာလျှင် ကျပ် ၈၀၀၀ဝ ဖြင့် ရောင်းချလျက်ရှိနေကြောင်း သိရသည်။
ဒေသထွက် ကော်ဖီမှုန့်များကို လိပ်သိုမြို့ပေါ်တွင်သာမက အခြားမြို့ကြီးများသို့လည်း ပို့ဆောင်ရောင်းချလျက်ရှိရာ ဝယ်ယူသူများက မိမိတို့သောက်သုံးရန်၊ အလှအပရေးရာ၌ အသုံးပြုရန်နှင့် လက်ဆောင်ပေးရန် ဝယ်ယူလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း