တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ တောင်တွင်းကြီး ဒီဇင်ဘာ ၄ အေးမိုးမိုးမြင့်၊ ရန်နောင်စိုး

အောင်လံမြို့၌ သွေးလှူရှင်များ ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေကြသော လူနာများအတွက် အရေးပေါ်လိုအပ်နေသော “သွေး” ကို စေတနာအပြည့်ဖြင့် အခမဲ့ လှူဒါန်းပေးသော သွေးလှူရှင်/ပရဟိတအဖွဲ့များအတွက် သွေးလှူရှင်များ ဂုဏ်ပြုပွဲကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ တောင်တွင်းကြီး ဒီဇင်ဘာ ၄ အေးမိုးမိုးမြင့်၊ ရန်နောင်စိုး

ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတက်စေရန်၊ တန်ဖိုးထားတက်စေရန်၊ အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အ.မ.က(မြောက်ပိုင်း)ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို တာ၀န်ရှိသူများ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာလှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်‌ရေးလက်ကမ်းစာစောင်များကို ရွှေပြည်သာမြို့နယ်အတွင်းရှိ လူစည်ကား‌နေရာဖြစ်သော ထန်းခြောက်ပင်လမ်းဆုံရှိ ဈေးဆိုင်များ၊ ကယ်ရီဂိတ်များ၊ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်တို့တွင် ယမန်နေ့ ညနေပိုင်းက စတင်ဖြန့်ဝေပေးသည်။

ပေါင်းတည်၌ သီးနှံများ ဓာတုဓာတ်ကြွင်း ကင်းစင်ရေး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သီးနှံများ ဓာတုဓာတ်ကြွင်း ကင်းစင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက မြေနံ့သာကျေးရွာ အုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာ​​စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အင်းမမြို့၊ အ.မ.က (အင်းမ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to