သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် Phase 12 (Sinopharm)  ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ကျောင်းသူ(၅၇၉၅)ဦးအား ထိုးနှံပြီးကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ယနေ့ နံနက် ၁၀နာရီကပြုလုပ်‌ ဆောင်ရွက်ခဲ့သည်။

လဟယ်မြို့တည်နှစ် (၅၀)ပြည့်‌ ရွှေရတုအထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ လဟယ်မြို့တည်နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁၄:၀၀)နာရီအချိန် လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်း၌ ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၉/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၉/၂၀၂၂) ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ၂၀၂၁-၂၀၂၂ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ဝန်ထမ်းသား၊ သမီးများအား ဂုဏ်ပြုဆုများ ချီးမြှင့်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ  ၂၀၂၁-၂၀၂၂ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းကို ယနေ့ နေလည် ၁ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။ 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေး သရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေး

မိုးစံပါးစိုက်တောင်သူများအတွက် လုပ်အားခသက်သာစေပြီး ဝင်ငွေတိုးပွားလာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ လုပ်သားရှားပါးမှု အခက်အခဲများ လျှော့ချနိုင်စေခြင်းနှင့် လုပ်ငန်းတွင်ကျယ်စေခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်စေရန်အတွက် ကချင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၉) စက်မှုလယ်ယာစခန်း(မြစ်ကြီးနား)မှ ဦးဆောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲ အခမ်းအနားကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မန်ခိန် ရပ်ကွက်ရှိ စံပြစိုက်ကွက် ဧက (၁၀၀)ကွင်းအတွင်း ကျင်းပပြုလုပ်သည်။

ကျိုက်မရောမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘာဝဘေးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသိပညာပေး ဟောပြောပွဲများကို ပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၉နာရီအချိန်က အ.ထ.က.ပိန်းနဲကုန်း  ကျောင်းရှိ ​(မြင့်မြတ်ဂုဏ်ဆောင်) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို၌ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်ခရိုင်ပညာရေးကြီးကြပ်မှုကော်မတီမှ  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ခရိုင်ပညာရေးကြီးကြပ်မှု ကော်မတီမှကြီးမှူး၍ ၂၀၁၉-၂၀၂၀ခုနှစ်၊ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်းသား” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်ဘွဲမြို့နယ် ထီလုံကျေးရွာအနီးရှိ ရေဘုတ်ရေလှောင်တမံနှင့် ဘားအံစက်မှုဇုန်းအနီးရှိ လျှိုပိတ်တမံများအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအနီးရှိ ရေဘုတ်ရေလှောင်တမံနှင့် ဘားအံစက်မှုဇုန်အနီးရှိ မိဇံလျှိုပိတ်တမံများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to