လဟယ်မြို့တည် နှစ် (၅၀) ပြည့်‌ ရွှေရတုအထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ

လဟယ် ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊  လဟယ်မြို့တည် နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ အားကစားသမားများကနေရာယူပြီး ကွင်းဖွင့်ပွဲအခမ်းအနားကို စစ်ကြာင်းမှူးက ကြေငြာကာ အားကစားသမားများကိုနာဂဒေသစီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံသို့ အပ်နှံပြီး နာဂဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄) ချက် ရွတ်ဆိုပြီး မွန်ထွေကျေးရွာကျောင်းသူလေးများက အားကစား သီချင်းဖြင့်ဖျော်ဖြေကာ တာ၀န်ရှိသူများက အားကစားသမားများအား အသင်းလိုက် လိုက်လံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲစတင်ယှဉ်ပြိုင်ရာ အဖွင့်ပွဲစဉ်အနေဖြင့် (NYRDDC) လက်ရွေးစင်အသင်းနှင့် ထန်းပါခွေလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။ လဟယ်မြို့တည်နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ(၂၄)ရက် မှဩဂုတ်လ(၁၀)ရက်နေ့အထိ ပြိုင်ပွဲ၀င်အသင်း (၁၆) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နာဂဒေသစီမံဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစား ပြိုင်ပွဲဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်‌ခဲ့ကြောင်း သိရသည်။

လဟယ်(ပြန်/ဆက်)