နမ့်ဆန် ဇူလိုင် ၂၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လည်ပိုင်း (၂)နာရီက ဝန်ထမ်းများ အရည်အသွေးမြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ်ပါ အခန်း(၁၈) ဌာနဆိုင်ရာစစ်ဆေးမှုနှင့် အခန်း(၁၉) ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်များအကြောင်းကို စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများက တစ်ဦးချင်းခေါင်းစဉ် အလိုက်ဖတ်ကြား၍ ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)