မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ‌ပေးဟောပြောပွဲကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာလ ၄

ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ‌ပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်လူငယ်ရေးရာအဖွဲ့တို့ပူးပေါင်း၍ မြစ်ကြီးနားမြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထက်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူက “အနာဂတ်ကိုပုံဖော်ဖို့ ယနေ့ပဲစလိုက်ကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ချီဖွေမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)