ကျောက်တံခါးမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များ Software Program ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ကျောက်တံခါး ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်သို့ ဆောင်ရွက်ရာတွင် (ပုံစံ-၆၆/၆) အချက်အလက်များကို နည်းပညာအသုံးပြု၍ software program ဖြင့် Database သို့ တိုက်ရိုက်စာရင်းရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများက  သတ်မှတ်ကာလအတွင်း  အောင်မြင်စွာရေးသွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ကျောက်တံခါးမြို့နယ် ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့သည်။

နိုင်ငံသားများ၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အချက်အလက်များကို နည်းပညာအသုံးပြု၍ software programဖြင့် Databaseသို့ တိုက်ရိုက်စာရင်းရေးသွင်းခြင်း လုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ  လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ရေးသွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်တံခါးမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)