ညောင်ဦး ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကျောက်ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ညောင်ဦးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာသင်တန်းကို ခရိုင်အတွင်းစိုက်ပျိုးလျက်ရှိသော စပါး၊ ဝါ၊ နေကြာ၊ စိုက်ပျိုးတောင်သူများအနေဖြင့် စပါး၊ ဝါ၊ နေကြာသီးနှံများ တစ်ဧက အထွက်နှုန်းတိုးတက်ရေး စနစ်တကျ ဆောင်ရွက်နိုင်ရန်၊ စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးကို ရည်ရွယ်လျက် ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်ပြီး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စပါး၊ ဝါ၊ နေကြာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာသင်တန်းတွင် ခရိုင်မြေအသုံးချတာဝန်ခံ ဒေါ်တင်ဝင်းလှိုင် (ဦးစီးအရာရှိ)က သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် ဓာတ်မြေဩဇာစနစ်တကျသုံးစွဲနည်းပညာ၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ကြည်ဆွေ (ဦးစီးအရာရှိ)က မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နည်းပညာနှင့် ခရိုင်သီးနှံကာကွယ်ရေး ဒေါ်ဟန်နီတိုး(ဒုတိယဦးစီးမှူး)က ဘက်စုံဖျက်ပိုး ကာကွယ်နှိမ်နင်းနည်းပညာပေး သင်တန်းဆွေးနွေးပို့ချခဲ့ကြောင်းသိရပြီး အဆိုပါသင်တန်းသို့ ကျောက်ပန်းတောင်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကွင်းဝန်ထမ်းများ၊ သင်တန်းတက်ရောက်သည့် တောင်သူများ စုစုပေါင်း(၆၆)ဦး တက်ရောက်ခဲ့ကြောင်း သိရပြီး မျိုးကောင်းမျိုးသန့် ရွေးချယ်ထားသည့် မျိုးစေ့များပြသပေးခဲ့ပြီး ဆွေးနွေးမေးမြန်းချက်များကို ခရိုင်စိုက်ပျိုးရေးတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေရှင်း ပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ