တောင်သာ ဇူလိုင် ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ငလျင်ဘေးနှင့် ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) အားကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ငလျင်ဘေးနှင့်ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ( Talk Show)အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ ငလျင်ဘေးနှင့် ကြိုတင်ကာကွယ် ရေးအသိပညာပေးနှင့်ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ငလျင်ဘေးနှင့်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲ၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ခင်နီလာစိုးက ငလျင်ဘေးနှင့် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲတွင် ငလျင်ဘေးဆိုသည်မှာ၊ ငလျင်ဘေးအန္တရာယ်၊ မြေငလျင်၊ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ငလျင်မလှုပ်မီ ကြိုတင်ပြင်ဆင်ရန်၊ ငလျင်လှုပ် နေစဉ်လိုက်နာရန် အချက်များ၊ ငလျင်လှုပ်နေစဉ် ရှောင်ရှားရမည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ စသည်များအား ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)