ပေါက်ခေါင်းမြို့၌ မကူးစက်နိုင်သောရောဂါများ NCD Clinic ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်

ပေါက်ခေါင်း    ဇူလိုင်    ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မကူးစက်နိုင်သောရောဂါများ NCD Clinic ကွင်းဆင်းဆေးကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆေးကုသမှုပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ က ယနေ့နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်စာရင်းစစ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ရုံးများသို့ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများအဖြစ် ဆီးချို၊ သွေးချို ရှိ/မရှိ စစ်ဆေးခြင်းနှင့် သွေးတိုးရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးပြီး၊ ရောဂါများစစ်ဆေးတွေ့ရှိပါက သောက်ဆေး ()လစာကို အခမဲ့ပေးအပ်ပြီး၊ ဆေးကုန်ပါက ပြည်သူ့ဆေးရုံသို့ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် နောက်ရက်များတွင် ကျန်ရှိနေသော ဌာနဆိုင်ရာရုံးများသို့လည်း ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်းရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)