ရန်ကုန် ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)၌ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ ပညာသင်နှစ်အတွင်း စိတ်အားတက်ကြွစွာ၊ စိတ်ချမ်းသာ ပျော်ရွင်စွာဖြင့် သင်ကြားနိုင်ရန်နှင့် စိတ်ဓာတ်မြင့်မားတက်ကြွစွာ သင်ကြားနိုင်ရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ရွာမ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က အင်းစိန်မြို့နယ်၊ အ.ထ.က(၆)ကျောင်း ပညာတံခွန်ခန်းမတွင် ကျင်းပခဲ့သည်။
ကျင်းပရာတွင် အင်းစိန်မြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) ကျောင်းအုပ်ဆရာ ကြီး ဦးဇေယျာအောင် က အမှာစကားပြောကြားပြီး အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး (ကိုယ်စား)၊ ရွာမအလယ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးက အမှားစကားပြောကြားပြီးနောက် အင်းစိန်မြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ) စီမံ/ဘဏ္ဍာမှ ဌာနမှူး ဦးဝင်းနိုင်၊ MPT မှ ဌာနမှူး ဦးကျော်ဝင်းသူ၊ MT မှ ဌာနမှူး ဦးကျော်ဇေယျ၊ ET မှ ဌာနမှူး ဒေါ်ကေခိုင်သိန်း၊ IT မှ ဌာနမှူး ဒေါ်နီလာ၊ ECT မှ ဌာနမှူး ဒေါ်ညိုမာထွန်းနှင့် စာပေမှ ဌာနမှူး ဒေါ်အိအိလွင်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့သည်။
ဆက်လက်၍ အင်းစိန်မြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)မှ ဒုတိယနှစ် ကျောင်းသားတစ်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ဒုတိယနှစ်နှင့် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများမှ Group Song ဖြင့် တက်ဆက်ဖျော်ဖြေခြင်း၊ ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများမှ တေးသီချင်း၊ အကများဖြင့် တင်ဆက်ဖျော်ဖြေခြင်း၊ မောင်မယ်သစ်လွင် King/Queen ရွေးချယ်ပွဲများကို Round(1)၊ (2)၊ (3)၊ (4)၊ (5)၊ (6)၊ (7) တင်ဆက်ပြီးနောက် မောင်မယ်သစ်လွင်မှ King/Queen ချီးမြှင့်အပ်နှင်းခံရသည့် ကျောင်းသား၊ ကျောင်းသူစာရင်း ထုတ်ပြန်ကြေညာခြင်းနှင့် သရဖူ/စလွယ်ဆုများကို တာဝန်ရှိသူများက ချီးမြှင့်ခဲ့ပြီး “မြနန္ဒာ” သီချင်းဖြင့် စုပေါင်းသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)