ဟုမ္မလင်းမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားသင်တန်းဖွင့်လှစ်

ဟုမ္မလင်း  ဒီဇင်ဘာ  ၄

 စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သည့်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလက်သမားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်ကဟုမ္မလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ ဟုမ္မလင်းခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်တင်ယုမေကအဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးရာဌေးကကျေးလက်ဒေသရှိ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး၊ တစ်ဦးချင်ဝင်ငွေတိုးတက်ရရှိလာကာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်ထောက်ကူပစ္စည်းပစ္စည်းများဖြစ်သည့် လွဲ၊ တူ၊ စောက်၊ ဂျင်တွဲ၊ ချိန်သီး၊ ပေကြိုး၊ သင်ထောက်ကူစာအုပ်များကိုတာဝန်ရှိသူများကပေးအပ်ရာ သင်တန်သားများကိုယ်စား သင်တန်သားတစ်ဦးကဘလက်ခံရယူခဲ့ကြကြောင်းသိရသည်။

အဆိုပါ အသက်မွေးဝမ်း ကျောင်းအထောက် အကူပြုလက်သမားသင်တန်းတွင် သင်တန်း နည်းပြ ဆရာများက စာတွေ့ /လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊  သင်တန်းကာလမှာ ဒီဇင်ဘာလ(၃)ရက်နေ့မှ(၁၇)ရက်နေ့ထိ ဖြစ်ကြောင်း၊ သင်တန်းသား(၁၅)ဦးတက်ရောက် ကြမည်ဖြစ်ကြောင်းသိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)