ရန်ကုန်မြိုတော်ဝန် ဦးဗိုလ်ဋ္ဌေး ကမာရွတ်မြိုနယ်အတွင်း ရွေ့လျားစျေးကားဖြင့် စျေးရောင်းချပေးနေမှု ကြည့်ရှုစစ်​ဆေး

ကမာရွတ် ဇူလိူင် ၃၀

ရန်ကုန်တိုငိး​ဒေသကြီး၊ စည်ပင်သာယာ​ရေးဝန်ကြီး  ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်​ဌေးသည် ဒုတိယမြို့​တော်ဝန်၊ အတွင်း​ရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယ​နေ့နံနက်ပိုင်းက ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ ဟံသာဝတိအခွန်လွတ်​စျေး၊ စည်ပင်အိမ်ရာဝင်းနှင့် ပြည်ရိပ်မွန် အိမ်ရာဝင်းအတွင်း ​ရွေ့လျား​စျေးကား  ( Mobil  Market ) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်​ခြောက်မျိုးစုံ ၊ အသားမျိုးစုံနှင့် ငါး/ ပုဇွန် အမျိုးမျိုးတို့ကို ​စျေးနှုန်းသက်သာစွာဖြင့် ​ရောင်းချ​ပေး​နေမှုကို သွား​ရောက်ကြည့်ရှုစစ်​ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့​ကြောင်း သိရှိရပါသည်။

စိမ်းလဲ့(ပြန်ဆက်)